Sunday 31 July 2011

တောကျေးလက်များအရေး

ဥပဒေပုဒ်မ (၈) ကိုပြင်ဆင်ချက်အကြမ်း စည်းကမ်းမှာ ဒိစတြိတ်ကောင်စီအတွက် လူကြီးရွေးကောက်တင်မြှောက်ခြင်းမရှိ၍ ရွာသူကြီးကို အစိုးရက ထိုဒိစတြိတ်ကောင်စီသို့ ရွေးကောက်တင်မြှောက်ခန့် ထားခဲ့မူ ထိုရွာသူကြီးတို့သည် မိမိတို့လက်ရှိ ရွာသူကြီးရာထူးမှ နှုတ်ထွက်ရန်မလို။ 

အကယ်၍ ကောင်စီအတွက် လူကြီးမင်းရွေူးကောက်ခြင်းကြောင့် အစိုးရရွာလူကြီးများကို တင်မြှောက်ခန့်ထားစေသည်ဖြစ်စေ၊ ထိုသို့ခန့် ထားခြင်းရွေးကောက်တင်မြှောက်ခြင်းခံရသော ရွာလူကြီးများတို့သည် မိမိရာထူးကို စွန့်လွတ်ရမည်ဆိုသော ထိုကောင်စီတို့အတွက် လူကြီးရဖို့ပင် မဖြစ်နိုင်တော့ပေ။

အမိန့်နံပါတ် (၃) တွင် ကျောက်ပေါက်ရောဂါ၊ ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါတို့အတွက် တာဝန်ယူ၍ ဆောင်ရွက်ရေးသည် ဒိစတြိတ်အဖွဲ့နှင့်တစုံတရာမဆိုင်ကြောင်းကို ဆိုထားလေသည်။

ထိုအမိန့်ပုဒ်မ (၃) ကိုထိုဥပဒေမှ ထုတ်နှုတ်ပယ်လိုက်ပါက ဒိစတြိတ်အဖွဲ့သည် ထိုရောဂါတို့အရေးအတွက် ဆောင်ရွက်ရပေလိမ့်မည်။ 

ယင်းသို့ပင်ဖြစ်သော်လည်းကောင်စီအစည်းအဝေးသည် တကြိမ်နှင့်တကြိမ် စည်းဝေးရန်ကာလ ဝေးခြားလှသောကြောင့် ရုတ်တရက်ပေါ်ပေါက် ကူးစက်ပြန့်ပွားလာသော ဂေါဂါဆိုးတို့ကို ကာကွယ်နှိမ်နင်းရန် ခက်ခဲပေလိမ့်မည်ဖြစ်ကြောင်း ထိုသို့အရေးအကြီး ပေါက်ပေါက်လာသော ရောဂါဆိုးကို အရေးပိုင်မင်းက စီမံနိုင်သော အခွင့် အာဏာ ရရှိစေရန် ပုဒ်မ ၉၅ (က) အရပြင်အင်ချက် ပြုလုပ်ထားရပေသည်။

ထိုရောဂါဆိုးတို့ကို ကာကွယ်တွန်းလှန်ရန်အတွက် စရိတ်ကြေးငွေတို့ကို ဒိစတြိတ်အဖွဲ့ကော်မတီတို့က အထူးသတိပြု၍ ကျေးရွာများကို သန့်ရှင်းအောင် ထိုကောင်စီအဖွဲ့ကော်မတီတို့က အထူးသတိပြု၍ စီမံကြရပေလိမ့်မည်။ 

ဤသို့ လျှင် ရန်ကုန်တိုင်းသတင်းစာတွင် ပါရှိလေသည်။

No comments:

Post a Comment